ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် ၅-၁၂-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်မှစ၍ ဓနုဖြူမြို့နယ် လက်လီဆန်အရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်၊ အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်အိတ်သိုလှောင် ထားရှိမှုကို စစ်ဆေးခြင်း၊ ဆန်များ ဝယ်ယူမှုကိုစုံစမ်းမေးမြန်းခြင်း၊ အခြားဒေသ ပေါ်ဆန်းစပါး ဝယ်ယူမှု အခြေအနေများကို မေးမြန်းခြင်း ဆန်တစ်ပြည်ဈေးနှုန်း၊ ဆန် ၁အိတ်ဈေးနှုန်းများကို မေးမြန်းခြင်း၊ နေ့စဉ်ရောင်းချမှု ဆန်၊ လစဉ်ဝယ်ယူစားသုံးမှု ဆန်အိတ်ရေတို့ကို ကြည်ရှုစစ်ဆေးခဲ့ပြီး ဆန်ဈေးနှုန်းများကို ဈေးနှုန်းဖော်ပြရောင်းချနေပြီး သတ်မှတ်ရည်ညွှန်ဈေးဖြင့် ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်ဆိုင်များတွင် တစ်နေ့ရောင်းချ ဆန်အိတ်ရေ၊ လက်ကျန်ဆန်အိတ်နှင့် ဆန်များဈေးမြင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း မပြုလုပ်ရန်၊ ဆန်အိတ်ရေ ၁၀၀၀နှင့် အထက်သိုလှောင်ထားပါက MyRoတွင် အွန်းလိုင်း မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်၊ စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့်အခါ မှတ်ပုံတင်ခြင်းမရှိပဲ ရောင်းချနေပါကြောင်း စစ်ဆေးတွေ့ ရှိပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)