Main menu

မအူပင်မြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန် စျေးကွက်အတွင်း  စျေးနှုန်းမြှင့် တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် ၁၀၀၀ နာရီက မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် မိတ်ဖက်ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော 999 အရောင်း ဆန်ဆိုင်၊ ဦးတရုတ်ကြီးဆန်ဆိုင်၊ ရွှေလင်းယုန်ဆန်ဆိုင်၊ ဝင်းသိင်္ဂီဆန်ဆိုင်၊ အောင်ဆန်ဆိုင်နှင့် သော်သော် ဆန်ဆိုင် များတွင် ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊  သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှု အခြေအနေများကို စစ်ဆေးခဲ့သည်။  

    စစ်ဆေးရာတွင် စပါးသစ်များ ထွက်ပေါ်ပြီးဖြစ်၍ ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ ဒေသထွက် စပါးများကို ဆန်စက်များကြိတ်ခွဲမှုမှ ဝယ်ယူ၍ ကရင်မဆန်၊ မနောသုခဆန်၊ ရက်၉၀ဆန်၊ GW11ဆန်၊ ရတနာတိုးဆန်၊ ဆင်းသုခရှယ်၊ မင်းဧရာဆန်၊ ဖျာပုံ တောင်ပျံ၊ ကျားပျံ ဆန်များကို ရောင်းချနေပြီး၊  သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဈေးနှုန်းကပ်ဖော်ပြ၍ ရောင်းချနေကြာင်း စစ်ဆေးတွေ့ ရှိရသည်။  မအူပင်မြို့နယ်တွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များတွင် ဈေးကစားရန် ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်၊ ဆန်ဆိုင်များ ဆန်အိတ် ၁၀၀၀နှင့် အထက် သိုလှောင်ထားရှိပါက (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချရန်ကိုလည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း။ ဆန်များကို သတ်မှတ် ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)