Main menu

ငပုတောမြို့နယ်၏ တိုးတက်လာပြီဖြစ်သော ဆံပင်လုပ်ငန်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ပါသည်။ တောင်သူများအနေဖြင့် တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေ ရရှိနိုင်သည့် ဆံပင် လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်ကို တွေ့ရသည်။ ကောင်းသန့်ဆံပင်လုပ်ငန်းကို (၂၀၂၃) ခုနှစ်ခန့်က စတင်လုပ်ခဲ့ပြီး သက်တမ်းတစ်နှစ်ကျော် ရှိလာခဲ့ရာ ဆံပင်ရုံများ/ဆံပင်ဒိုင်များ ပေါ်ပေါက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုများ ရှိလာပါသည်။

   ဆံပင်လုပ်ငန်းအတွက် ကုန်ကြမ်းအား ပျော်ဘွယ်မြို့နယ်မှရရှိပြီး ကုန်ကြမ်းကို အဆင့်ငါးဆင့် ထဲမှ အဆင့် (၂) ဆင့် ဖြစ်သည့် (၁) ဆံပင်ရှင်းခြင်း၊ (၂) ခုံဆွဲခြင်းအထိ ခါးစီးဆွဲခြင်း လုပ်ကိုင် ဆောင်ရွက်ကြောင်း သိရသည်။

   ဆံပင်ရှင်းခြင်းအဆင့်တွင် ပေါင်းဆေး၊ ချွတ်ဆေးများ အသုံးပြုခြင်း၊ အပ်များကိုအသုံးပြုပြီး တစ်မျှင်ချင်းဆွဲ၍ ဖွရသည်။ ခုံဆွဲခြင်းအဆင့်တွင် ဖွပြီးသားဆံပင်များကို သံချောင်းဖြင့် ပြုလုပ်ထားသော ခုံဖြင့် ဆံပင်ဖြီးသည့်ဘီးကဲ့သို့ထောင်၍ ခုံဆွဲခြင်းအထိသာ လုပ်ကိုင်ဆောင်ရွက်၍ ပြီးလျှင်် ပျော်ဘွယ်မြို့သို့ ပြန်လည်တင်ပို့ကြောင်း သိရှိရပါသည်။

    မြို့နယ်ရှိ ဆံပင်လုပ်ငန်းတွင် ဆံပင်ရုံ (၂) ရုံရှိပြီး တစ်ရုံမှာ ဆံရှင်းခြင်းလုပ်ငန်းကိုလုပ်ကိုင်ပြီး၊ နောက်တစ်ရုံမှာ ခုံဆွဲခြင်းလုပ်ငန်းကို ပြုလုပ်ပြီး ဆံပင်ရုံ တစ်ရုံလျှင် လုပ်သား (၅၀) ဦးခန့်ရှိပြီး လုပ်သားတစ်ဦးကို တစ်နေ့လျှင် ၇၀၀၀/-ကျပ်ရရှိပြီး တစ်လကို  ငွေကျပ်နှစ်သိန်းကျော်ရရှိပါကြောင်း၊ အလုပ်ရုံ (၂) ရုံကို လုပ်သား (၁၀၀) ကျော်ခန့်ရှိ၍ ဒေသအတွင်းအလုပ်အကိုင်များ ပေးနိုင်သည့်အပြင် SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီး ကောင်းသန့်ဆံပင်လုပ်ငန်း၏ အလုပ်ရုံများထပ်မံတိုးချဲ့ ဆောင်ရွက်ရန်ရှိကြောင်း မိသားစုများလုပ်နိုင်လျှင် လုပ်နိုင်သလောက် အကျိုးရရှိသည့်လုပ်ငန်း တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)