Main menu

ရေကြည်မြို့နယ်၊ အ.မ.က လှည်းဆိပ်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ရေကြည်မြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၉.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က လှည်းဆိပ်ကျောင်းတွင် ဆရာမ (၅) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၆) ဦးတို့အား စားသုံးသူအသိပညာပေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောခဲ့ပါ သည်။

      ထိုသို့ဟောပြောရာတွင် ရေကြည်မြို့နယ်တာဝန်ခံသည် ကျောင်းသား/ကျောင်းသူများအား အစားအသောက်များဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားပါသော အစားသောက်များသာ ဝယ်ယူစားသောက်ရန်၊ သက်ရက်ကုန်ဆုံးရက် ပါရှိ/မရှိ၊ ပါဝင်ပစ္စည်းနှင့် ဓါတ်မတည့်မှုများ မဖြစ်ပေါ် စေရန် ပါဝင်ပစ္စည်းဖော်ပြထားမှုရှိ/မရှိကို စစ်ဆေးပြီးမှ ဝယ်ယူစားသောက်ရန် ကျောင်းသား/ ကျောင်းသူများအား ပြောကြားခဲ့ပြီး၊ ဆရာ/ဆရာမအား ကျောင်းမုန့်ဈေးတန်းတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အစားအသောက်များနှင့် သန့်ရှင်းလတ်ဆက်သော အစားအစာများသာ  ရောင်းချစေရန် စိစစ်ကြပ်မတ်ရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)