Main menu

ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာရှိ “ဆန်းလှဝေ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးရေး ကွင်းဆင်း စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၉) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကွင်းကျေးရွာရှိ “ဆန်းလှဝေ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

      ထိုသို့ ကွင်းဆင်းရာတွင် ဆန်းလှဝေ ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ မြိတ်မြို့သို့ တင်ပို့မှုရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ မှန်ကန်မှုရှိစေရေး၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊  ထုပ်ပိုးမှုစနစ်များ လုံခြုံမှုရှိ/မရှိ စိစစ်ခြင်းနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းစနစ်များ ခေတ်မီ စက်ကိရိယာများ တပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ် ကျယ်ပြန့်လာနိုင်သလို မှီခိုအားထားနေရသော အလုပ်သမားမိသားစုများအတွက်လည်း စားဝတ် နေရေးပြေလည်နိုင်ကြောင်း ၊ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)