မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ် မသုံးစွဲရနေ့ဟု သတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုး သုံးစွဲစေရေးအား မကွေးမြို့၊ ရန်ပယ်စျေး၌ (၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကော်မတီဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးမြို့၊ ရန်ပယ်စျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုမရှိသော ကုန်စည်များ ရောင်းချမှုမရှိစေရေး စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)