မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)