Main menu

ဖြူးမြို့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်ပတ်သက်၍ Talk Show အစီအစဉ်ဖြင့် အသိပညာပေး

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာသည် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဟောပြောပွဲများကျင်းပခြင်းအပြင် Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာသိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

           စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရွက်မှုများ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ အွန်လိုင်းတွင် ကုန်ပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ စိစစ်သင့်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ပစ္စည်းများဝယ်ယူခြင်းဖြင့် ရရှိမည့်အကျိုးရလဒ်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)