ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတို့နှင့်ပူးပေါင်း၍ (၅.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့နယ် မြို့ပေါ်ရှိအိမ်သုံးဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်၊ ကာလကြာရှည်သုံးစွဲနေ ရသည့်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒါဏ်ကြေလိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေသည့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အဓိကထားဆောင်ရွက်ရန် မေးမြန်းချက်များအရ အိမ်သုံးဆေးများအား ရန်ကုန်ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူ ရောင်းချနေရပြီး၊ ဆေးအမျိုးအစားအလိုက် ၅% ထိသာ ဈေးနှုန်းအနည်းငယ် မြင့်တက်လျှက်ရှိကြောင်း ဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူနိုင်ကြောင်း သိရှိရပါသည်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)