Main menu

ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာတွင် တောင်သူအသိပညာပေး ဟောပြောခြင်း ကျင်းပဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်တို့သည်     ၈-၁၂-၂၀၂၄ ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထမလိန်းကျေးရွာ ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူး ဦးသန်းဦးက တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးအခြေခံသော ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း သော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ဒေသထွက် လယ်ယာထွက်ကုန်သီးနှံများမှာ အရည်အသွေးကောင်းမွန်သောကြောင့် ပြည်တွင်းဝယ်လိုအားသာမက ပြည်ပသို့တင်ပို့နိုင်သည့်အထိ အလားအလာကောင်းများ ရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများအပေါ် သီးထပ်၊ သီးညှပ်များစိုက်ပျိုးသွားရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သီးနှံအထွက်နှုန်းလျော့ကျခဲ့ခြင်းအား အစားထိုး ကုစားနိုင်ရေးအတွက်  မြေလွတ်မချန်ပဲ စိုက်ပျိုးသွားရန် နှင့် တစ်သီးစားမဟုတ်ပဲ နှစ်သီးစားသာမက စိုက်ပျိုး၍ရသော မြေနေရာများတွင် သုံးသီးစားအထိ ကြိုးပမ်းစိုက်ပျိုးသွားသင့်ပါကြောင်းနှင့် ထွက်ရှိလာသော သီးနှံများအနေဖြင့် ပြည်တွင်း/ပြည်ပ ဈေးကွက်ရရှိစေရေး၊ အရောင်းအဝယ်ပြုကြရာ၌  ဒေသအလိုက် ပေါက်ဈေးနှင့် အလေးချိန်တင်းတောင်းများ မှန်ကန်စွာဝယ်ယူ၍ တောင်သူများ နစ်နာမှုမရှိစေရေးအတွက် ဌာနမှ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်၊၊

    ထို့နောက်တက်ရောက်လာသော တောင်သူများက သီးနှံများ၏ ပြည်တွင်း၊ ပြည်ပဝယ်လိုအား ဈေးနှုန်း/ ဈေးကွက်အခြေအနေများကို ပြန်လည်မေးမြန်ဆွေးနွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် တောင်သူ ၂၁ ဦး၊ ဆန်စက်လုပ်ငန်းရှင် ၆ ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၃:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)