(၁၁.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဓနုဖြူမြို့၊ ရပ်ကွက်၂၊ ရပ်ကွက်၃၊ ရပ်ကွက်၄အတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင် (၁၂)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စျေးကွက်အတွင်း ရောင်းချနေသော အသင့်စား မုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ် တားမြစ်ထားသည့် မုန့်များ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော မုန့်များရောင်းချနေမှုရှိ/မရှိ တို့အား ဓနုဖြူမြို့နယ် တာဝန်ခံနှင့် ဌာနဆိုင်ရာ အသီးသီးတို့က စစ်ဆေးခဲ့ကြသည်။
သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်း မပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြသည်ဟုလည်း သိရသည်။
DOCA(ဧရာဝတီ)