Main menu

ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အသင့်စားခေါက်ဆွဲ၊ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အသင့်စားခေါက်ဆွဲ၊ကြာဇံထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဒေးဒရဲမြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများနှင့် မုန့်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော Wah-Lah အသင့်စားဆီချက်ခေါက်ဆွဲ၊ Shin Shin ကြက်ကြေးအိုးအရသာ အသင့်စား ဆန်ကြာဇံထုပ်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိပြီး FDAထောက်ခံချက် အမှတ်အသားများကိုလည်းတွေ့ရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ခေါက်ဆွဲ၊ကြာဇံထုပ်များကိုသာ ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)