Main menu

ညောင်တုန်းမြို့နယ်ထွက် ပိုင်လေး ပဲကျော် လုပ်ငန်း ဈေးနှုန်း ဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ပိုင်လေးပဲကျော်မုန့်လုပ်ငန်းကို အမှတ် ၆ရပ်ကွက် ၊ တောကြီးပိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် ပဲကျော်မုန့်လုပ်ငန်း၏ ထုတ်လုပ်မှုနှင့် ရောင်းချဖြန့်ဖြူးမှု ဈေးကွက်ဈေးနှုန်းရရှိမှု အခြေအနေများကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

     ပဲကျော်မုန့်လုပ်ငန်းကို (၁၉၉၁-၉၂)ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ပဲကျော်မုန့် ထုတ်လုပ်ရာတွင် ပါဝင်ကုန်ကြမ်းများမှာ ပဲနီ၊ ပဲလွန်းဖြူ၊ ဆီ၊ နှမ်း၊ ကြက်သွန်ဖြူကျော်တို့ပါဝင် ထုတ်လုပ်ပြီး တစ်ကြိမ်ထုတ်လုပ်မှု ကုန်ကြမ်းတန်ဖိုး  လုပ်ငန်းအတွက် ရင်နှီးမတည်ငွေ ၁၆၁၅၀၀ကျပ်ရင်းနှီးရပြီး၊  လုပ်သား၃ဦး မိသားစုတို့ပါ လုပ်ကိုင်ကြပြီး၊ တစ်လထုတ်လုပ်နိုင်မှု အကြိမ်ရေ ၂၅ကြိမ်ထုတ်လုပ်နိုင်ကြောင်း၊ တစ်နေ့ထုတ်လုပ်မှု ကုန်ချောပစ္စည်း တန်ဖိုး ၁၆၀၀ တန် ပဲကျော်မုန့်ထုတ် ၅ ထုတ်၊ ၁၃၀၀ကျပ်တန် ပဲကျော်မုန့် အထုတ် ၂၀ထုတ်၊ ၉၅၀၀ကျပ်တန် ပဲကျော်မုန့်တွဲ ၈တွဲ၊ ၃၆၀၀ကျပ်တန် ပဲကျော်မုန့်အတွဲ (၁၈)တွဲ၊  ကုန်ချော ပစ္စည်းရောင်းချရငွေ ၁၇၄၈၀၀ကျပ် ရရှိ၍ တစ်ကြိမ်ထုတ်လုပ်မှု အမြတ်ငွေကျပ် ၁၃၃၀၀ကျပ် ရရှိကြောင်းနှင့် တစ်လလျှင် အကျိုးအမြတ် ၃၃၂၅၀၀ကျပ် ရရှိကြောင်း သိရသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ဇလွန်၊ ဟင်္သတ၊ မြောင်းမြ၊ ကျုံမငေး၊ မြန်အောင်၊ ဓနုဖြူ ၊ တိုင်းဒေသကြီးမြို့နယ်များအတွင်း ပို့ဆောင်ပြီး၊ ရန်ကုန်-ပုသိမ်ကားလမ်းအကြီးဘေးရှိ မုန့်ဆိုင်တွင်လဲ ရောင်းချကြောင်း၊ပိုင်လေးပဲကျော်မုန့်လုပ်ငန်းသည် အသေးစား စက်မှုလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက် လက်မှတ်ရရှိထားကြောင်း မုန့်လုပ်ငန်းရှင်ကို အခြားဒေသနှင့် တိုင်း/ပြည်နယ်များသို့ လုပ်ငန်းတိုးချဲလုပ်ကိုင်ဆောင်ရွက်သွားရန် ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို ဦးကြည်ဝင်းမှ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)