Main menu

Online မှတစ်ဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉.၁၂..၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်များနှင့်ပူးပေါင်း၍  ကြံခင်းမြို့နယ်၊ရွာသစ်ရပ်ကွက်ရှိ မြို့မဈေးတာဝန်ခံရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် Online မှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်းသည့် အားနည်းချက်၊ အားသာချက်များအကြောင်း၊ မှတ်ပုံတင်ထားသည့်အွန်လိုင်း ရောင်းချမှုလုပ်ငန်းမှ ဈေးဝယ်ယူခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊  စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည် ကုစားနိုင်ခွင့်များ စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA(ဧရာဝတီ)