Main menu

မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည်   (၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၀၀)နာရီ၌ အိမ်မဲမြို့နယ်ရှိ မြို့မဈေးတွင် ကြက်ဥအလုံး(၃၅၀၀)အားသွားရောက်၍ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၅၀)ကျပ်နှင့် လူ()ဦးလျှင် ()လုံးနှုန်းဖြင့် အိမ်မဲမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် စုစုပေါင်းကြက်ဥ အလုံးရေ (၃၅၀၀)အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)