Main menu

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဖျာပုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးဝါးများကို သက်ဆိုင်ရာ ထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ စစ်ဆေးခြင်းတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် စံမမီဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုအား စစ်ဆေးခြင်း၊ နည်းစနစ်မှန်ကန်စွာ ထားသိုသိမ်းဆည်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက် ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးနှုန်းထားများ မေးမြန်းခြင်းနှင့် ဆေးနှင့်ဆေးဝါးရောင်းချရန် တရားဝင်မှတ်ပုံတင် ထားရှိမှုများ စစ်ဆေးခြင်း ထို့နောက် မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် ဆေးအရောင်းဆိုင် များအား သက်တမ်းလွန်ဆေးများ မရောင်းချမိရန်နှင့် ရည်ညွန်းဈေးအတိုင်း ရောင်းချကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)