ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးရာတွင် မြို့မဈေးရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော မြန်မာရနံ့ ငြုပ်ကောင်းမှုန့်၊ အများကြိုက် မဆလာ၊ AJT-NO-MOTO Shark ငါးသေတ္တာတို့တွင် FDA ထောက်ခံချက်များ ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိနှင့် ပါဝင်ပစ္စည်း ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြထားရှိမှု အခြေအနေ၊ အလေးချိန် အချိန်အတွယ်နှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ ရောင်းချခြင်းမပြုရန် သတိပေး အကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)