စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းတွင် Bazaar Yangon ရှိ အမှတ်(၅၈)၊ မြန့်မာဂုဏ်ရည်လမ်း Bazaar Yangon သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် Bazaar Yangon ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် Goody (ရွှေဘိုပေါ်ဆန်းမွှေး) (၂kg)၊ Goody (ရွှေဘိုပေါ်ဆန်းမွှေး) (၅kg)၊ Ayeyar (ရွှေဘိုပေါ်ဆန်းမွှေး) (၅kg)၊ Ayeyar (မြောင်းမြပေါ်ဆန်းမွှေး)(၅kg)၊ Ayeyar (ဧည့်မထ) (၅kg)၊ ကြယ်စင်(မြောင်းမြပေါ်ဆန်း)(၁၂kg)၊ ကြယ်စင်(ရွှေဘိုပေါ်ဆန်း) (၁၂kg)၊ Ayeyar (မနောသုခ) (၁၀kg) ၊ ကြယ်စင်(မြောင်းမြပေါ်ဆန်း)(၆kg)၊ ကြယ်စင် (ရွှေဘိုပေါ်ဆန်း) (၆kg)စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်း ကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံ ရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)