Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဇီဇဝါလမ်း(၂)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄၂)အတွင်းရှိ ဆန်လက်လီရောင်းချနေသော ချိုချိုဆန် ရောင်းဝယ်ရေးဆိုင်အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် (ရွှေဘိုပေါ်ဆန်း) ၊ (ရက် ၉၀) ၊ဧည့်မထ၊ဆင်းသွယ်၊ဇီယာ၊ဧရာဝတီပေါ်ဆန်း စသည့် ဆန်များ၏ (၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)