စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ် City Mark (ATRIUM) brand ရှိ (၁၁.၁၂.၂၀၂၄) ရက်နေ့ ၊ နေ့လယ်ပိုင်း တွင် အထက်ပန်းဆိုးတန်း လမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်၊ ATRIUM Condo မင်္ဂလာတောင်ညွှန့် မြို့နယ် City Mark (ATRIUM) brand အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် City Mark (ATRIUM) brand ဆန်ဆိုင်ရှိ ရောင်းချနေ သော ဆန်များသည် Meizan (ပေါ်ဆန်းမွှေး) (၁၂kg) ၊ Ayeyar (ပေါ်ဆန်းမွှေး ) (၁၀kg) ၊ Cityselection (ဧရာပေါ်ဆန်း)(၁၂kg) ၊ City Valalue (ရက် ၉၀)(၁၂kg) ၊ Nursery (ပေါ်ဆန်းမွှေး) (၅kg) ၊ ဂွတ်ရှယ်ကောင်း(ဧရာပေါ်ဆန်း) (၂kg) ၊ မြ (ရွှေဘိုပေါ်ဆန်း) (၅kg) ၊ Goody (ရွှေဘိုပေါ်ဆန်း)(၂kg) စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)