
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ အလှည့်ကျ ရုံးလုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့် တက် ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရုံးချုပ်၊ စားသုံးသူရေးရာဌာခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများမှ ဖြည့်စွက်ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ စားသုံးသူရေးရာဌာနခွဲနှင့်၊ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများမှ မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းနှင့် သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကာ ညှိနှိုင်းဆွေးနွေးပွဲအား(၁၅း၅၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းခဲ့ သိရှိ ရပါသည်။
DOCA(တနင်္သာရီ)