Main menu

ဂွတ်တယ်စားသောက်ကုန်လုပ်ငန်းအတွက်MSME ချေးငွေပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ် လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြူ နိုင်ရေး စီမံ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(၈၈၄) ၊ မေတ္တာလမ်း ၊ (၁၀)ရပ်ကွက် ၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ဂွတ်တယ်စားသောက်ကုန် လုပ်ငန်းအတွက် MSME လျှောက်ထား သည့် လုပ်ငန်းရှင်အား  ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင် ၍ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်တွင်းအခွန် ၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေး ဦးစီးဌာန စသည့်သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ 

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူး ရုံးမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ) က အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များ ဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း များ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြရန် စားသုံးသူကာကွယ်ရေးဥပ‌ဒေတွင် ဖော်ပြပါရှိရ မည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သိရှိလိုက်နာ ဆောင်ရွက်ရန်တို့ကို အသိ ပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိ ရှိရပါသည်။

DOCA(ရန်ကုန်)