Main menu

ဘားအံမြို့ရှိ ရေပေါ်ဈေးသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၂-၁၂-၂၀၂၄) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ရေပေါ်ဈေးတွင်  ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိ /မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ စည်သွပ်အစားအစာ အမျိုးမျိုးဖြစ်သည့်  ပဲစိမ်းဘူးဆားရည်စိမ် Thai A.D  မှတ်တံဆိပ်တွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်က မြထက်လင်းကုန်တိုက်တွင် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကိုသာရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကရင်ပြည်နယ်အတွင်း ဦးစားပေးကုန်စည် (၁၀)မျိုးကို သတ်မှတ်ထားပြီး ကုန်စည်အမျိုးအစားအလိုက် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ လစဉ်လျာထားချက်များ ချမှတ်၍ သက်ဆိုင်ရာအဖွဲ့များနှင့်‌ ပေါင်းစပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(ကရင်)