Main menu

ကရင်ပြည်နယ်အတွင်းရှိ ဆန်စပါး သိုလှောင်ရုံများ myro တွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

Powered by Drupal

     ကရင်ပြည်နယ်အတွင်းရှိ ဆန်စပါး သိုလှောင်ရုံများ Online မှတစ်ဆင့် myro တွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆက်လက်လျှောက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အမှတ် ၈၂/၂၀၂၄ အရ  စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် အလို့ငှာ ဆန်တန်ချိန် ၂၅ တန်အထက် (ဆန်အိတ် ၅၀၀) သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက်သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး”မှတ်ပုံတင်သည့် လုပ်ငန်း များကို အချိန်တိုအတွင်း လွယ်ကူရိုးရှင်းစွာဖြင့် ရယူဆောင်ရွက်နိုင်ရန် မြန်မာဆန်စပါး အွန်လိုင်း(MyRo) ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP Model) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း တည်ထောင် လွှင့်တင်ထားပြီးဖြစ်ကြောင်း သိရသည်။

    ကရင်ပြည်နယ်တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ဆိုင်များမှ သိုလှောင်ရုံမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၃၀-၁၁-၂၀၂၄ ရက်နေ့ထိ သိုလှောင်ရုံ ၁၆ ခု မှတ်ပုံတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးသည် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပေါင်းစပ်၍ အသိပညာပေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်းနှင့်  လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံမှတ် ပုံတင်ခြင်းလုပ်ငန်းများအား Online မှ ဆောင်ရွက်ရာတွင် အင်တာနက်နှင့် နည်းပညာဆိုင်ရာ အခက်အခဲများရှိပါက ဌာနမှကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)