Main menu

ပုဇွန်တောင်မြို့နယ်ရှိ Top Prime Co., Ltd အား သွားရောက်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲ စာရေး)နှင့်ဝန်ထမ်းများ   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သီသီကျော်တို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ၁၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင်  အမှတ် (၃၀), တာဝတိံသာလမ်း၊  ပုဇွန်တောင် မြို့နယ်ရှိ Top Prime Co., Ltd သို့ သွားရောက်ကာ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမျိုးထွန်းနှင့် တွေ့ဆုံ၍ ကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့စစ်ဆေးမေးမြန်းရာတွင် ကုမ္ပဏီမှ သွေးကျဆေး၊ ပိုးသတ်ဆေး(ထိုးဆေး)၊ အသည်း (ဘီပိုး) ကာကွယ်ဆေး၊ ပဠိဇီဝပိုးသတ်ဆေး၊ ကျောက်ကပ်ဆေး စသည့်ဆေးများကို အစိုးရဆေးရုံများနှင့် ပြင်ပအထူးကုဆေးရုံများသို့သာ ဖြန့်ချိရောင်းချပြီး၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပြီး  ဆေးဝါးများသို လှောင်ထားခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

DOCA(ရန်ကုန်)