
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁၆)ရပ်ကွက်၊ နံပါတ်(၁) လမ်း၌ဖွင့်လှစ်သည့် ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်အရောင်းစင်တာဖွင့်ပွဲကို ဒီဇင်ဘာလ၂၃ ရက် နေ့နံနက်ပိုင်းတွင် အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း၊ ဈေးကွက်ရှာဖွေ ဖော်ထုတ်ခြင်း အရည် အသွေးပြည့်မီသည့်ထုတ်ပိုးမှုစနစ်များဖြစ်ပေါ်လာစေရေးနှင့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီးထုတ်ကုန် အရောင်းစင်တာကို ဖွင့်လှစ်လျက်ရှိရာ ပဲခူးမြို့နှင့် ပြည်မြို့များ၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ယခု တောင်ငူမြို့၌ ဖွင့်လှစ်သည့် အရောင်းစင်တာသည် တတိယမြောက်အရောင်းစင်တာဖြစ် ပါသည်။
အရောင်းစင်တာ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခုမှ ထုတ်ကုန်ပစ္စည်းများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထုတ်ကုန်ပစ္စည်းများကို တနေရာတည်း၌ ဝယ်ယူနိုင် မည်ဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီး အကဲများ၊ တောင်ငူခရိုင်မှ ထုတ်ကုန်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး ဖွင့်ပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အရောင်းစင်တာ အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရပါသည်။
DOCA(ပဲခူး)