ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန နတ်တလင်းမြို့နယ် တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံမှ (၂၄-၁၂-၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online အွန်လိုင်း မှ တဆင့် ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဆွေးနွေး ခြင်းပြုလုပ်ခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း အွန်လိုင်းမှ ဈေးဝယ်ယူခြင်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်၊ မှတ်ပုံတင်ထားသည့် အွန်လိုင်း ရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ ကုန်စည်နှင့်ဝန်ဆောင် မှုကို အွန်လိုင်းမှ ဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ နစ်နာဆုံးရှံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)