ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလပထမပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အုတ် ဖိုမြို့နယ် အတွင်းဆေးဝါးများရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံမှဆေးဝါးဈေးနှုန်းများရောင်းချနေမှုကိုစုံစမ်းမေးမြန်းပြီးဆေးဝါးများတွင်မြန်မာစာအညွှန်းပြည့်စုံစွာပါရှိမှု ရှိ /မရှိ စစ်ဆေးခြင်း၊ ရက်လွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ၊စပ်ဆေးများရောင်းချခြင်း မပြုကြရန်၊ဆေးဝါးများ ကိုဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းရှိ/မရှိ တို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)