Main menu

ချောက်မြို့တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များနှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ဆန် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အစည်းအဝေးတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးစျေးနှုန်းစျေးကွက်နှင့် စျေးနှုန်း တည်ငြိမ်မှန်ကန်ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်တမ်း တင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည့် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၃-ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ www.myro.com.mm တွင် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာထားပြီးဖြစ်ကြောင်း၊ ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံ တင်ခြင်းဆိုင်ရာအမိန့်အရ ဆန်တန်ချိန် (၂၅)တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ထားမှုအား Myanmar Rice On Iine-MyRO တွင် မှတ်ပုံတင် စာရင်းသွင်းရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)