မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင် များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၂၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များအား စစ်ဆေးရာ၌ ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ ရောင်းချသော ဆေးဝါးများတွင် အညွှန်းများတပ်ဆင်ထားမှုရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)မှ တားမြစ်ထားသော ဆေးဝါးများရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ပြည်တွင်းထုတ် အမှတ်တံဆိပ်ပါ စားသုံးဆီများ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) ထောက်ခံချက် ရှိ/မရှိ၊ စျေးကွက်အတွင်း အမှတ်တံဆိပ်ပါ ရောနှောဆီ (Blended Oil) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)