မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်း ဆေးကုသပေးခြင်းလုပ်ငန်းကို (၁၅.၁၂.၂၀၂၄) ရက်နေ့ နံနက် (၀၈:၀၀) နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ အ.ထ.က (ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများပေးအပ်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး ဦးဆောင်၍ အထူးကုဆေးပညာရပ်များဖြစ်သည့် ခွဲစိတ်၊ အရိုး၊ ဆေးပညာ၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ သားဖွားမီးယပ်၊ ကလေးတို့မှ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၊ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာအနီးရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူ (၃၁၂) ဦးအား ကျန်းမာရေးစောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)