မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်အတွင်းရှိ ကုန်စည်များ၊ စျေးကွက်မရောက်မီ ကုန်စည်များကို စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မကွေးမြို့နယ်တာဝန်ခံသည် (၁၃.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ ချင်းပေါက်ထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းရှင်များထံသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းတက်များအား ရေဆေးသန့်စင်၍ ချင်းပေါက်များအား ရေစိမ်ထားရာ၌ ကျောက်ချဉ်အပြင် အစားအသောက်များတွင် သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ ဆိုးဆေးများ သုံးစွဲ ထားခြင်းရှိ/မရှိကို Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)