Main menu

ဆိပ်ဖြူမြို့နယ်၊ ကိုးတောင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဆိပ်ဖြူတာဝန်ခံနှင့်ဝန်ထမ်းသည် (၁၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျောင်းနေအရွယ်ကလေးများအသိပညာတိုးပွားစေရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး ရည်ရွယ်၍ ဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ အကြောင်းအားလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံး မှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ဆက်ဦးစီးအရာရှိမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးအကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းဝင်က ရှေးဦးကျန်းမာရေးပြုစုနည်းအကြောင်းများအား အသီးသီးဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)