Main menu

အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဒီဇင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/ ၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် သက်ဆိုင်ရာဌာနမှ တားမြစ်ထားသည့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်း အမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု့ရှိသော အလှကုန်များသာ တင်သွင်းဖြန့်ဖြူး ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အလှကုန်ဆိုင််ပိုင်ရှင်များအနေဖြင့် အလှကုန်ပစ္စည်း များရောင်းချမည်ဆိုပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တရားဝင် ထုတ်ပြန် ထားသည့် အသုံးပြုရန်မသင့်သည့် အလှကုန်ပစ္စည်းများအား ဝယ်ယူတင်သွင်းရောင်းချခြင်း မပြု ရန် နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/ ၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသော  အလှကုန်ပစ္စည်းများသာ ဝယ်ယူတင်သွင်း၊ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)