Main menu

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေးဆိုင်များနှင့်စားသောက်ကုန်ဆိုင်များကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ကျိုက်လတ်မြို့နယ်တွင် (၁၄.၁၂.၂၀၂၄) နံနက် (၀၈:၀၀) နာရီအချိန်၌ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များနှင့် စားသောက်ကုန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များတွင် စံချိန်စံညွှန်းမပြည့်မီသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်း ပြတ်လပ်မှုရှိ/မရှိ၊ ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသည့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိ/မရှိ တို့ကို စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)