Main menu

ကျိုက်လတ်မြို့ ၊ အမှတ် (၆) ရပ်ကွက်၊ “ဆန်းသစ်ကျော်” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၆) ရပ်ကွက်ရှိ “ဆန်းသစ်ကျော်” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု ဆန်/စပါး အရည်အသွေးပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေ၊  နည်းစနစ်သစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာများ၊နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက် မှသာထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်သလို အလုပ်သမား မိသားစုများအတွက် စားဝတ်နေရေး ပြေလည်နိုင်စေခြင်း၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)