ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့နှင့် ကြံခင်းမြို့နယ်တွင် (၁၄.၁၂. ၂၀၂၄)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ မိမိတို့ ဒေသရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ရောင်းချခဲ့ရာတွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရှေ့တွင် ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ် ဖြင့် အလုံးရေ ၂၀၀၀ လုံး၊ ကြံခင်းမြို့နယ် မြို့မဈေးခေါင်းရုံးရှေ့နှင့် ဘက်ရဲဈေးရှေ့တွင် ကြက်ဥ တစ်လုံးလျှင် ၃၆၀ ကျပ်ဖြင့် အလုံးရေ ၁၃၀၀ အား လည်းကောင်း၊ အမဲသား ၂၀ ကျပ်သားတစ်ထုပ်လျှင် ၃၅၀၀/- ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)