Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများ ရောင်းချမှုအခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီတွင် မော်ကျွန်းမြို့နယ်ရှိ (၁၁) လမ်း မြို့မဈေးတွင် ကြက်ဥအလုံး (၃၀၀၀) နှင့် ဘဲဥအလုံး(၃၀၀) ကို သွားရောက်၍ ရောင်းချခဲ့ကြောင်း သိရှိရပါသည်၊၊

      ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများ သက်သာစွာဝယ်ယူနိုင်ရန် ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၄၇၀) ကျပ်နှင့် လူ(၁)ဦးလျှင် (၅)လုံးနှုန်းဖြင့် မော်ကျွန်းမြို့နယ်ရှိ (၁၁)လမ်း မြို့မဈေးတွင် စုစုပေါင်းအလုံးရေ (၃၃၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ည ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)