ဒီဇင်ဘာလ (၁၄)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာဌာနနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးလုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲကို Virtual ဖြင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲတာဝန်ခံ နှင့် အမှုထမ်းများ တက်ရောက်ခဲ့ပါသည်၊၊
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင် ၂၀၂၅ ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်၍ အွန်လိုင်းဖြင့် ဈေးရောင်းချမှုဆောင်ရွက်နေသော လုပ်ငန်းများသည် online registration ဆောင်ရွက်ထားခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊ online registration ဆောင်ရွက်ခြင်း ရည်ရွယ်ချက်သည် စားသုံးသူကို အကာကွယ်ပေးခြင်းဖြစ်ကြောင်း ၊ စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ (ရုံးချုပ်)မှ တာဝန်ခံများမှ မိတ်ဆက်စကားပြောကြားခဲ့ပါသည်၊၊
တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှလည်း စားသုံးသူအသိပညာပေး ဆောင်ရွက်နေမှု၊ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်နေမှု၊ New letter တွင် သတင်း၊ ဆောင်းပါးရေးသားပါဝင်မှု၊ CICC တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်မှုအခြေအနေများ၊ Talk Show ဆောင်ရွက်နေမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆးခြင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)