၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ မနက် (၈:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်စီးပွားရေး ရာဝန်ကြီးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတို့ပူးပေါင်း၍ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ “သစ်တောအိမ်”အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသောက်ကုန် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံ ဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “သစ်တောအိမ်” အမှတ်တံဆိပ် စားသောက်ကုန် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာ ပေးဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)