Main menu

“ ထောပတ်သီးစေ့အသုံးဝင်ပုံ ”

Powered by Drupal

ထောပတ်သီးသည် အရသာရှိ၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သော အထောက်အကူပြုသည့် အသီးတစ်မျိုးဖြစ်ပါသည်။ ထောပတ်သီးတစ်လုံးလုံးတွင် စွန့်ပစ်စရာ မလိုဘဲ အကုန်လုံးအသုံးဝင်သော အသီးဖြင့်သည့်အပြင် အစေ့မှာပို၍အသုံးဝင်သည့် နေရာများစွာရှိ ကြောင်း သိရှိရပါသည်။

          ထောပတ်သီးအစေ့တွင် အပြင်ခွံမှာအညိုရောင်ရှိ၍ အတွင်းသားမှာအဖြူအနှစ်ရောင်ရှိပြီး လှီးလိုက်လျှင်အနီရောင်ထွက်ရှိကြောင်း၊ ဆေးဖက်ဝင်အာနိသင်ပါရှိသောကြောင့် အသားအရေ အတွက်သော်လည်းကောင်း ၊အရိုးအဆစ်နှင့်ကြွက်သားအတွက်သော်လည်းကောင်း၊ ဆံကေသာ ပျော့ပြောင်းမှုအတွက်သော်လည်းကောင်း၊  သွားကိုက်ခြင်းဝေဒနာအတွက်သော်လည်းကောင်း၊

အဆစ်အမြစ်ကိုက်ခဲသည့်ဝေဒနာအတွက် သော်လည်းကောင်း၊ ခေါင်းတစ်ခြမ်းကိုက်သည့်ရောဂါ အတွက်လည်းကောင်း၊ အသားအရေပေါ်ရှိအမည်းစက်များအတွက်လည်းကောင်း၊ ဦးရေပြားဗောက်ထ ခြင်းအတွက်လည်းကောင်း၊ ဆံကေသာအဆီပြန်သူများနှင့် အဝတ်ဆိုးဆေးများအတွက်လည်း အသုံးဝင် ကြောင်းသိရှိရပါသည်။

          နူးညံ့ပျော့ပြောင်းသည့် ဆံကေသာအတွက်အသုံးပြုရာတွင် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော ထောပတ်သီးအစေ့ကို  အခြောက်လှန်း၍ခြစ်ထားပြီးလျှင် ရေခြောက်ခွက်နှင့် ရောနှောမွှေ၍ အခြား ခေါင်းလျှော်ရည်နှင့်ရောစပ်လျှော်ပေးခြင်းဖြင့် ဆံပင်ဆံသားနူးညံ့ကြောင်း၊ ဗောက်ထသည့် ဆံသား အတွက် အခြောက်မလှန်းထားသော ထောပတ်သီးအစေ့ကို ကြက်ဆူးသီးထည့်မွှေပြီး တစ်ရက် လောက်နှပ်ထားရကြောင်းနှင့်နှပ်ထားပြီးသောအရည်ကိုဦးရေပြားတွင် သုပ်လိမ်း၍ တဘက်ဖြင့် တစ်နာရီ ခန့်ပေါင်းထားခြင်းဖြင့် ဗောက်ကင်းစင်သည့်အပြင် ဆံကေသာအဆီပြန်သူများအတွက်လည်း အသုံးဝင် ကြောင်းသိရှိရပါသည်။

          အဆစ်အမြစ်နှင့်ကြွက်သားကိုက်ခဲခြင်းရောဂါအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့ကို  ကြိတ်၍အရက်နှင့်ရောပြီး တစ်ပတ်လောက်နှပ်ထားသည့်အရည်ကို နာကျင်ကိုက်ခဲသော နေရာများ တွင် နှိပ်နယ်လိမ်းပေးခြင်းဖြင့်သက်သာစေကြောင်းသိရှိရသည်။

          သွားကိုက်ဝေဒနာအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့ကိုအနည်းငယ်လှီးဖျက်ပြီး ကိုက်နေ သည့်သွားခြေတစ်ဝိုက်ကိုပွတ်လိမ်းပေးရကြောင်း၊ အတုံးလေးများပြုလုပ်ပြီး ရေနွေးဆူဆူတွင်ထည့် နှပ်ထား၍ နှပ်ထားသောရေနှင့် ပလုတ်ကျင်းပေးခြင်းဖြင့်လည်း သက်သာစေနိုင်ကြောင်း သိရှိရပါ သည်။

          အသားအရေပေါ်ရှိအမည်းစက်ဖြစ်သူများအတွက် အသုံးပြုရာတွင် ထောပတ်သီးအစေ့ကို အခြောက်လှန်း၊ အမှုန့်ကြိတ်၊ ရေနွေးနည်းနည်းနှင့် အနှစ်ဖြစ်အောင်မွှေ၊ သံလွင်ဆီ အနည်းငယ် ထည့်၍ အသားအရေပေါ်တွင် လိမ်းပေးရကြောင်းနှင့် ငါးမိနစ်(သို့မဟုတ်)ဆယ်မိနစ်အခြောက်ခံပြီး၊ခြောက်လျှင်မျက်နှာကိုရေးဆေးချခြင်းဖြင့် မျက်နှာပေါ်ရှိ အမည်းစက်များတဖြေးဖြေးလျော့ပါးစေကြောင်း သိရှိရပါသည်။

          အဝတ်အထည်များအရောင်ဆိုးဆေးအတွက်အသုံးပြုရာတွင် ထောပတ်သီးအစေ့နှင့်အခွံကို ရေပွတ်ပွတ်ဆူအောင် (၄၅)မိနစ်ခန့်တည်ပြီးလျှင် ကြိုက်နှစ်သက်ရာအဝတ်ကိုထည့်၍ ရောနှောမွှေ ပေးခြင်းဖြင့် အရောင်မှာပန်းရောင်အဖျော့ရကြောင်း၊ ဆိုးထားသောအရောင်အရင့်လိုလျှင် ထောပတ်အစေ့ နှင့်အခွံကိုပိုထည့်ပြီး အချိန်ကိုကြာကြာထားပေးရကြောင်းသိရှိရပါသည်။

ထိုကြောင့် ထောပတ်သီးတစ်လုံးလုံးတွင် အသား၊အခွံ၊အစေ့အကုန်လုံးအဖက်ဖက်၌ အသုံးဝင် ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)