ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးဆောင်သော မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေး လက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂၄-၁၂-၂၀၂၄)ရက်နေ့ နံနက် (၁ဝး၂၀)နာရီအချိန်တွင် ကလောမြို့နယ်၊အောင်ပန်းမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့်စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓာတ်မြေဩဇာများ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက် သော ဈေးနျုန်းဖြင့် ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရား မဝင်ဓာတ်မြေဩဇာများနှင့် စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများအား ရောင်းချမှုမရှိစေရေး ကွင်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)