Main menu

ပိတ်ဆွယ်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးပါဝင်နေသည့်အတွက် ပင်ရင်းဒိုင်များသို့ ကွင်းဆင်းအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် စျေးကွက်အတွင်းရှိ ကုန်စည်များ၊ စျေးကွက်မရောက်မီကုန်စည်များကို စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၆.၁၁.၂၀၂၄)ရက်နေ့တွင် အဖွဲ့စုံဖြင့် မကွေးမြို့၊ မင်္ဂလာစျေး (အခွန်လွတ်စျေး)၌ ကုန်စည် (၁၈)မျိုးအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် စစ်ဆေးခဲ့ရာ ပိတ်ဆွယ်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

   ပိတ်ဆွယ်ထုတ်လုပ်သည့် ပင်ရင်းဒိုင်များသည် မကွေးမြို့နယ်၊ ‌လျောင်းတော်ဦးကျေးရွာမှ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ (၁၃.၁၂.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပိတ်ဆွယ်ပင်ရင်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း၊ နောက်နောင်တွင် အစားအစာများ၌ သုံးစွဲရန်မသင့်သော Sulfiting Agent ချွတ်ဆေးများ မသုံးစွဲရန် ပထမဆုံးအကြိမ်သတိပေးခြင်းနှင့် ဆက်လက်သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက အမျိုးသားအစား အသောက်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)