စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ လ(၄) ရက်နေ့ နံနက်( ၀၉ : ၀၀ ) အချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မြန်မာနိုင်ငံစားသုံး ရေးရာကော်မရှင် ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိ / မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ကုန်စုံဆိုင်များ၌ မုန့် များရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင် ရေးအတွက် စားသောက်ကုန်များ ကုန်အညွှန်းအမှတ်အသားအပြည့်စုံပါရှိသော ကုန် ပစ္စည်းများသာ ဝယ်ယူတင်သွင်းရောင်းချသွားကြရန်နှင့် ကုန်ဆုံးရက်စွဲများကို စနစ်တကျ စစ်ဆေးရောင်းချသွားကြရန်အသိပညာပေးပြောကြားခဲ့ပြီး မီမိုဆာလာ ယိုပေါင်မုန့် ၊ CARTOON ကိတ်ခြောက်၊ Dinywang စနိုးကွတ်ကီး၊ CARTOON MOON Cake ပဲလမုန့်၊ I Cake ကိတ်မုန့်၊ ချိုကိုစတော်၊ BAYIN နို့ပြောင်းကွတ်ကီး ၊ I Like Spicy ကြွပ်ကြွပ်မွှေးကြော် အသားချောင်း၊ CARTOON လျှာပေါ်ဆိမ့်၊ လပ်ကီး ထောပတ်မရွေး၊ ဆိမ့်ဆိမ့်လေး (အာလူးဘီစကစ်) ၊ CARTOON နာနတ်လျှာပေါ် ဆိမ့် ၊ Chicken muffin ကြက်မျှင် ကွတ်ကီး၊ Lucky Fruit Flavoured Jelly မုန့်အမျိုးမျိုးနှင့် ဂျယ်လီတို့သည် ညွှန်ကြားချက် ၂/ ၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။
DOCA(ကယား)