Main menu

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့ပေါ်ရှိ ကုန်ပဒေသာလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်နှင့် Royal လျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များ စသည့် ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီသော ကုန်စည်များရောင်းချမှုရှိ/မရှိအား စစ်ဆေး ခဲ့ကြပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ  ပြဌာန်းချက်များ ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှဖော်ပြရန် သတ်မှတ်ထားသောအချက်များ ဖော်ပြရ မည်ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများမှလည်း အဆိုပါအချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များသာ ရောင်းချရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းဝယ်မှုပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် ကွင်းဆင်းဆောင်ရွက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)