Main menu

“ထောပတ်သီးနှင့် ကျန်းမာရေး”

Powered by Drupal

 ယနေ့ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ထောပတ်သီးကို ဈေးကွက်အတွင်း ပေါများစွာရောင်းချ လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထောပတ်သီးသည် လူသားတို့အတွက် အထူးကောင်းမွန်သော အသီးဖြစ်သည့်အပြင် အာဟာရလည်းပြည့် ကျန်းမာရေးနှင့် အထူးသင့်လျော်သော အသီးဖြစ်ပါသည်။ အာဟာရပြည့်သောအသီးဖြစ်သောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေသော အသီး ရွေးချယ်ရာတွင် အဆင့် (၁၀) ဝင်သော အသီးဖြစ်ပါသည်။ အဆီပါဝင်မှု (၁၅ %) ရှိပြီး၊ ဘယ်ရီသီး အုပ်စုဝင် ထူးခြားဖြစ်စဉ် အဆီ( မိုနိုဆီ) အိုမီကာ ၃၊ အိုမီကာ၉၊ အိုမီကာ ၆ တို့ပါဝင်ပါသည်။

          ထောပတ်သီးသည် အစာအိမ်နှင့် အူလမ်းကြောင်းကိုကောင်းမွန်စေပြီး ဝမ်းချုပ်သက်သာစေ သည်။ ဆီးချို၊သွေးတိုး၊ နှလုံးအတွက်သာမက ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်းကောင်းမွန်စေ ပါသည်။ အမျှင်ဓာတ်များသောကြောင့် မျက်စိအားကောင်းစေပြီး အသားအရည်ကျန်းမာရေးအတွက် သာမက ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပါသည်။ ပိုတက်ဆီယမ်ကြွယ်ဝ ပြီး အမျှင်ဓာတ်များသောကြောင့် အရေပြား၊ ဆံပင်၊ မျက်စိအတွက် အထူးကောင်းမွန်စေသည့်အပြင် ကိုယ်အလေးချိန်ထိန်းညှိပေးပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်လည်းအထောက်အကူပြုပေး သောကြောင့် ကျန်းမာရးအတွက် အထူးကောင်းမွန်သော အသီးဖြစ်ပါသည်။

DOCA(ရှမ်း)