Main menu

၂၀၂၄ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

   ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာ လျှင် အမြင့်ဈေး (၁၅၀၀)ကျပ်ဖြင့် ဈေးရှိနေပြီး ပြောင်းသီးနှံများ ဈေးကွက်အဝင်များလာသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကာ စီးဆင်းမှုမှာ ကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ် ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ်ဈေးပေါက်နေကြပြီး နောင်တရား နှင့် တီကျစ် ဒေသတို့မှ ဈေးကွက်အဝင်ရှိသဖြင့် အမြင့်ဈေးဖြင့်သာ ဈေးနှုန်းတည်ငြိမ် လျက်ရှိပြီး စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီး S2-S1 ၈၀၀၀ကျပ်၊ မျက်နီ S2-၇၈၀၀ကျပ်၊ S1- ၇၅၀၀ကျပ်၊ ဆွဲသီး-၄၀၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ်ဈေးရှိနေကြပြီး ဈေးကွက်ဝင်ရောက် မှုများလာသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကာ စီးဆင်းမှုမှာ ပို၍ကောင်းလာပါသည်။

          ချင်းသီးနှံမှာ ချင်းအခက်ကြီးတစ်ပိဿာလျှင် (၃၅၀၀)ကျပ် နှင့် ချင်းဥမမြေနီအလတ်စမှာ (၂၀၀၀-၃၀၀၀)ကျပ်ထိ ဈေးရှိနေကြပြီး ဈေးကွက်အဝင်များပြီး ပြည်တွင်းအဝယ်လိုက်နေသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၈၀၀-၂၀၀၀)ကျပ်၊ ပန်းမုံလာ ( ၂၀၀၀-၂၅၀၀)ကျပ်၊ ရွှေပဲ (၄၀၀၀-၅၀၀၀)ကျပ်၊ မုန်ညှင်း ( ၁၅၀၀-၂၀၀၀)ကျပ်၊ ဖရုံသီး ( ၁၆၀၀-၁၈၀၀)ကျပ်၊ ခရမ်းသီး ( ၂၀၀၀-၃၀၀၀ )ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ( ၅၅၀၀ )ကျပ်၊ ငရုတ်ပွ ( ၇၀၀၀-၈၀၀၀ ) ကျပ်၊ မုန်လာ ဥနီ ( ၂၃၀၀-၃၀၀၀ )ကျပ် နှင့် ဘိုစား ( ၂၀၀၀-၂၅၀၀ )ကျပ်အသီးသီးဈေးပေါက်နေကြပြီး ဈေးကွက် အတွင်းသို့ ဂေါ်ဖီ၊ မုန်ညှင်း နှင့် ခရမ်းသီး သီးနှံများဝင်ရောက်မှုများလာသဖြင့် ဈေးနှုန်းကျဆင်းသွား ပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ ဈေးကွက်လိုအပ်ချက်အရ အ ရောင်းအဝယ်ဖြစ်နေပြီး အဝင်သွက်လာသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက် ပိုမိုကောင်းမွန်လာ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)