Main menu

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ရှိ Shwe Thedaw Company Limited ၏ ကိန္နရီအမှတ်တံဆိပ် ယက္ကန်းစက်ရုံ( အောင်ချမ်းမြအဆင့်မြင့်ချည်ချောအထည်လုပ်ငန်း ) သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နယ်၊ အမှတ်(၁)အောင်မင်္ဂလာရပ် သဲတောမြို့ ရှိ Shwe Thedaw Company Limited ၏ ယက္ကန်းစက်ရုံအား ချည်ထည်များသွင်းကုန်လိုင်စင်ရရှိရေးအတွက် လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်နေခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းရာတွင် Shwe Thedaw Company Limited ၏ ကိန္နရီအမှတ်တံဆိပ် ယက္ကန်းစက်ရုံ ( အောင်ချမ်းမြ အဆင့်မြင့်ချည်ချောအထည်လုပ်ငန်း ) သည် လုပ်သားအင်အား (၁၅၀) ဦးဖြင့် စက်ယက္ကန်းစင် (၂၀)နှင့် လုပ်သားအင်အား (၈၅၀) ဦးခန့်ဖြင့် ဘေးတန်းလုပ်ငန်းခွဲ စက်ယက္ကန်းစင် (၅၁၃) စင်၊ စုစုပေါင်း (၅၃၃) စင်ဖြင့် လည်ပတ်လျက်ရှိရာ တစ်နှစ်လျှင် ကျားဝတ်ပုဆိုးကွင်းပေါင်း (၃၃၆၀၀၀၀) ကွင်းထုတ်လုပ်ပြီး၊ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အလားအလာရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊  ယခုအခါ ကုန်ကြမ်းတင်သွင်းခွင့်မရသဖြင့် လုပ်သားများ အလုပ်အကိုင်ရရှိရေးအတွက်သာ ရှေးရှု့၍ ထိန်သိမ်းလည်ပတ်နေရသဖြင့်  လက်ကျန်ကုန်ကြမ်းများဖြင့် စက်ရုံစွမ်းအားပြည့်လည်ပတ်နိုင်ရေး အခက်အခဲဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)