Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နေ့လယ် (၁၄:၀၀)ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ SME  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းလုပ်ငန်းများအား စိစစ်ရမည့်အချက်များ ၊ အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း ပြောကြားခဲ့ရာ အသိပညာပေးပွဲသို့ လုပ်ငန်းရှင် (၂၀) ဦး တက်ရောက်ပြီး နေ့လယ် ( ၁၅:၀၀ ) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)