ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ဘူးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ စစ်ဆေးရာတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်းရောင်းချနေသော ရွှေသဇင်မင်း၊ အမေထွား ၊ Meizan အစရှိသော ဘူးဆီများတွင် FDA ထောက်ခံချက်၊ အလေးချိန်ဖော်ပြထားရှိမှု၊ အသုံးပြုပုံ၊ သိမ်းဆည်းပုံ၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ပါဝင်ပစ္စည်း ၊ သက်တမ်းလွန်ကာလဖော်ပြထားရှိမှုနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)